enfr

သာမန်မြန်မာနိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးရန် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများနှင့် ကျသင့်ငွေ

  • သံရုံးအကြီးအကဲထံသို့ လိပ်မူထားသည့် ကိုယ်တိုင်ရေးလျှောက်လွှာ (မူရင်း)
    (နမူနာကြည့်ရန် - Download) (လျှောက်ထားသူက ကျိုးကြောင်းဖော်ပြလျက် မလိုအပ် သည်များကို ပယ်ဖျက်၍ ပြင်ဆင်ရေးသားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။)
  • နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ရေးသွင်းရမည့်ပုံစံ (မူရင်း) (Download)
  • လက်ရှိကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ် (မူရင်းနှင့် မိတ္တူ)
  • လက်ရှိနေထိုင်လျက်ရှိသော နိုင်ငံ၏ အစိုးရက ထုတ်ပေးထားသော သက်တမ်းရှိ ပြည်နေထိုင်ခွင့် ကတ် (ကာလာမိတ္တူ)
  • (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ ကာလာဓာတ်ပုံ ၂ ပုံ (နောက်ခံအဖြူ)
  • မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (နိုင်ငံသားစိစစ်ရေးကတ် (သို့) ယာဉ်မောင်း လိုင်စင် (မိတ္တူ))
  • အိမ်ထောင်စုဇယား (မိတ္တူ)
  • နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုထားပါက လက်ထပ်စာချုပ် (မိတ္တူ)နှင့် အိမ်ထောင်ဘက်၏ နိုင်ငံကူးလက်မှတ် (သို့) နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)
  • အလုပ်လုပ်ကိုင်နေသူဖြစ်ပါက (အလုပ်လုပ်ကိုင်ခွင့် ပါမစ် (သို့) အလုပ်လုပ်ကိုင်လျက်ရှိ ကြောင်း အထောက်အထား)
  • ပညာသင်ကြားနေသူဖြစ်ပါက သက်ဆိုင်ရာ ကျောင်း/ တက္ကသိုလ်သို့ တက်ရောက်လျက်ရှိ ကြောင်း အထောက်အထား (သို့) ကျောင်းသားကတ် (မိတ္တူ)
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်ကို မှင်စိုအနက်ဖြင့် ထင်ရှားစွာ ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • သာမန်မြန်မာနိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးရန် ကျသင့်ငွေ ယူရို ၃၅/- ကို ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပေးသွင်းရပါမည်။ မြန်မာသံရုံးက ငွေလက်ခံပြေစာ စာရွက်ကို လျှောက်ထားသူထံသို့ ပြန်လည်ပေးအပ်ပါသည်။

Contact Info

Embassy of the Republic of
the Union of Myanmar, Paris

60, Rue de Courcelles, 75008, Paris

+33 (0) 1 5688 1590

[email protected]

Contact Us

For Consular Services

60, Rue de Courcelles, 75008, Paris
(with effect from 1 June 2019)

+33 (0) 1 5688 1595

[email protected]

 

ministry of hotels tourism

Youtube Video