enfr

အပြန်လေယာဉ်စရိတ်ပေးသွင်းခြင်း

နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းနှင့် လက်ထပ်ထားသည့် မြန်မာအမျိုးသမီးများ အနေဖြင့် အပြန်လေယာဉ်စရိတ် (အာမခံငွေ) အဖြစ် ယူရို ၅၀ဝ အား သံရုံးသို့ ပေးသွင်းထားရန် လိုအပ်ပါသည်။

အပြန်လေယာဉ်စရိတ် ပေးသွင်းထားပြီးကြောင်း မြန်မာသံရုံးမှ ထောက်ခံစာ ထုတ်ပေးမည်ဖြစ်ပါသည်။ အဆိုပါ အပြန်လေယာဉ်စရိတ်အား မြန်မာအမျိုးသမီး တစ်ဦးအတွက် ပြည်ပတွင် နေထိုင်စဉ်အခက်အခဲများ ရင်ဆိုင်ရပါက ထုတ်ယူအသုံးပြုနိုင်ရန် အာမခံအဖြစ် သံရုံးမှ ခေတ္တထိန်းသိမ်းပေးထားခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးအနေဖြင့် ပြည်ပတွင် အခက်အခဲ တစ်စုံတစ်ရာကြောင့် မြန်မာနိုင်ငံသို့ အပြီးပြန်လည်နေထိုင်သည့် အချိန်တွင်လည်းကောင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူပြီးသည့်အချိန်တွင် လည်းကောင်း၊ ပေးသွင်းပြီး (၃)နှစ်ပြည့်မြောက်သည့် အချိန်တွင်လည်းကောင်း ကာယကံရှင်၏ ဆန္ဒအတိုင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

အပြန်လေယာဉ်စရိတ်ပြန်လည်တောင်းခံခြင်း

  • အပြန်လေယာဉ်စရိတ် ပြန်လည်ထုတ်ယူခွင့်ပြုပါရန် ကိုယ်တိုင်ရေးလျှောက်လွှာ
  • အပြန်လေယာဉ်စရိတ်ပေးသွင်းထားကြောင်း သံရုံး၏ ပြေစာမိတ္တူ
  • မြန်မာနိုင်ငံသို့ အပြီး ပြန်လည်ထွက်ခွာပါက လေယာဉ်လက်မှတ်မိတ္တူ
  • နိုင်ငံခြားသားအဖြစ် ခံယူပြီးဖြစ်ပါက နိုင်ငံကူးလက်မှတ်မိတ္တူ
  • (၃)နှစ်ပြည့်မြောက် မိမိဆန္ဒအလျောက် ပြန်လည်ထုတ်ယူလိုပါက ကာယကံရှင်မှ ဖြစ်ပေါ်လာမည့်ကိစ္စအရပ်ရပ်အတွက် တာဝန်ယူကြောင်းစာ
 

Contact Info

Embassy of the Republic of
the Union of Myanmar, Paris

60, Rue de Courcelles, 75008, Paris

+33 (0) 1 5688 1590

[email protected]

Contact Us

For Consular Services

60, Rue de Courcelles, 75008, Paris
(with effect from 1 June 2019)

+33 (0) 1 5688 1595

[email protected]

 

ministry of hotels tourism

Youtube Video